မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိ
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ခန်းမတွင် လည်းကောင်း၊ ကျေးရွာများတွင် ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက် ၆၅ နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းများ၊ စားသောက်ဆိုင်၊ စျေးဆိုင်ခန်းရှိ စျေးရောင်း သူများအား နမ့်လွတ်ကျေးရွာအုပ်စု ကျောင်းတော်ဘုန်းကြီး ကျောင်းနှင့် ဟိုနမ့် ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။