သတင်းများ

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှု
Aug 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံ​​တွေ့ရှိ
Aug 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူ (၁၄)ဦးတို့အား ယနေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံတွေ့ရှိခဲ့သည်။
နမ့်စန်တွင် ပရိယတ္တိစာသင်တိုက်များအတွက် ဆွမ်းဆန်အိတ်များ သွားရောက်ပေးအပ်လှူဒါန်း
Aug 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်တပ်နယ်မှူးနှင့် မြို့နယ်မှတာဝန်ရှိသူများက ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ရဟန်းသံဃာနှင့် သီလရှင်များအတွက် ဆွမ်းဆန် အိတ်များကို ယမန်နေ့ နေ့လယ် ၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် အကျဉ်း‌ထောင်ရှိ အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး စတင်ထိုးနှံလျက်ရှိ
Aug 03,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ နယ်အကျဉ်းထောင်ရှိ အချုပ်သား/သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နေလယ်(၂)နာရီ အချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန အဆောင်(၁)ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ် ၇ နေရာတွင် ထိုးနှံခွင့်ရရှိသည့် ဦးစားပေး အုပ်စုများအား စတင်ထိုးနှံပေး
Aug 03,2021
နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီ မြို့နယ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု များအား စုရပ် ၇ နေရာတွင် ယနေ့ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Aug 03,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတ(Volunteer)၊ သာသနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ပထမအကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ချောင်းဆုံမြို့နယ် မြေပြိုဘေးသင့် ပြည်သူများအားစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေကြည့်ရှု
Aug 03,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ချောင်းဆုံမြိုနယ်မြေ ပြို၍ သဘာဝဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှလှူဒါန်း ပေး သည့် လှူဒါန်းငွေကျပ် သိန်း ၁၁၀အား သွားရောက်ထောက်ပံ့ပေးသည်။
ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံပေးလျက်ရှိ
Aug 03,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharn) စတင်ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက် တို့အား တစ်ပြိုင်တည်း စတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။