ပုံပါကျင် ဩဂုတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်အတွင်း မြန်မာဘာသာနှင့် ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းများတပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပဧည့်သည်များ လက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံမသွားကြရန်၊ မိမိတို့နေအိမ် ပြတင်းတံခါးများဖွင့်ပြီး လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏဆေးကြောရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း Mask များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင် ခြင်း မပြုလုပ်ရသေးမီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာအချက်များကို စနစ်တကျလိုက်နာကြရန် မြန်မာဘာသာနှင့် ရှမ်းဘာသာဖြင့် အသိပေးနိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြမြအေး