ပုဏ္ဏားကျွန်းနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) အား ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 01,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုနှင့်အသက်(၆၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၂ နာရီမှ ၄ နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။