ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အလုံး(၈၀၀)ဖြင့် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၁၆၀၀)ဦး ကာကွယ်ဆေး ထိုးနှံပြီးစီး

ကျောက်ပန်းတောင်း ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်(၃၁)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ၊ တတိ ယမြောက်နေ့ဖြစ်သော ယမန်နေ့တွင် ကနဦးရရှိသည့် ဆေးအလုံး(၈၀၀)ဖြင့် ဦးစားပေးအုပ်စုဖြစ်သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၁၆၀၀)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရေးအတွက်၊ မြို့နယ်သာသနာ့ဗိမ္မာန်နှင့် အမှတ်(၁) အ.ထ.ကတို့တွင် ကာကွယ်ဆေး ထိုးစုရပ်(၂)ခုခွဲကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုရပ်(၂)ခုတွင်ကျန်းမာရေး ဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ကနဦးရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံးရေ(၈၀၀)မှ (၃၁-၇-၂၀၂၁)ရက်နေ့တွင် သက်ကြီး ဘိုးဘွား(၅၅၆)ဦး၊ (၁-၈-၂၀၂၁)ရက်နေ့တွင် (၃၇၈)ဦးနှင့် (၂-၈-၂၀၂၁)ရက်နေ့တွင် ကျေးရွာများမှ သက်ကြီး ဘိုးဘွား(၆၆၆)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ရာ၊ စုစုပေါင်း လူဦးရေ(၁၆၀၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)