လသာမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Aug 03,2021
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝှန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူး စက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လမ်း(၂၀)ရှိ၊မြို့နယ် ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။