ဆိပ်ဖြူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အားဖြည့် အစားအစာများနှင့် Mask ဘူးများ လှူဒါန်း

ဆိပ်ဖြူ ဩဂုတ် ၃

မကွေးတိုင်းဒေသသကြီး၊ ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံနှင့် သစ်ဆိမ့်ဆီစက်ရုံ တို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိပြီး ဆေးဝါကုသမှု ခံယူလျက်ရှိ‌သော လူနာများအား တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များက Mask ဘူးများနှင့် အင်အားဖြည့်စွက် အစားအစာများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် လှူဒါန်းသည်။

ဗိုလ်မှူးအောင်ကောင်းမြတ်နှင့် တပ်မတော်သားများက ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံနှင့် သစ်ဆိမ့် ဆီစက်ရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိပြီး ဆေးဝါကုသမှု ခံယူလျက်ရှိသော လူနာများအတွက် Mask ဘူးများနှင့် အင်အားဖြည့်စွက် အစားအစာများဖြစ်သည့် ကြက်ဥနှင့် ငှက်ပျောသီးများကို  ဆိပ်ဖြူပြည်သူ့ ဆေးရုံတွင်သွားရောက် လှူဒါန်းခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထူးမြတ်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင် တို့က လက်ခံရယူခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုနှင့် ကျန်းမာရေးစစ်ဆေးနေမှု အခြေအနေများကို ရှင်းလင်း‌ေပြာကြားပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၈၉)ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၄၈)ဦး၊ ဆေးဝါးကုသမှု ခံယူနေသူ(၄၁)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ထံမှ သိရသည်။

ကိုဇွဲ( အညာမြေ)