သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးတွင် အသုံးပြုရန်အတွက် RDT Test Kit လှူဒါန်း
Aug 03,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကိုစိုင်းခွန်ဖုန်း-မလေး (Forever)စားသောက်ဆိုင်နှင့် ကိုအောင်‌ရွှေဦး-မမီးမီး(ပစ်တိုင်းထောင်) ဆေးဆိုင်တို့က RDT Test Kit (၉၅)ခု ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ပြည့်ကိုကိုက လက်ခံရယူခဲ့သည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(တတိယနေ့)အဖြစ် အသက်(၆၅)နှစ်အထက်အပြင် သတ်မှတ်အုပ်စုအလိုက် ဆက်လက် ထိုးနှံပေး
Aug 03,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံပေးရာ ယနေ့တွင်ဟိုပန်မြို့၊ “ဝ”ဘုရားရှစ်ခိုးကျောင်းတွင် နံနက်(၉)နာရီမှစ၍ (တတိယနေ့)ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ပေါက်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 03,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်သာသနာ့ ဗိမာန်တွင် စတင်ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိ၊ (၁)ဦး သေဆုံး၊ (၅)ဦး ပြန်လည်ကျန်းမာလာ
Aug 03,2021
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဩဂုတ်လ ၂ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိပြီး (၁)ဦး သေဆုံးကာ (၅)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြု လိုက်ကြောင်း သိရသည်။
ဒိုက်ဦး၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြေသားတမံမှာ ချောင်းရေတိုက်စား၍ (၁၅)ပေခန့် ကျိုးကျ
Aug 03,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေ လေးဆယ်ကျေးရွာအုပ်စု၊ အောင်ဘာလေကျေးရွာအတွင်းရှိ ကောလိယချောင်းမှာ ချောင်းရေလျှံမှုကြောင့် အောင်ဘာလေ ကျေးရွာ၊ အောက်တဲပိုင်း အနီးရှိ မြေသားတမံမှာ ချောင်းရေတိုက်စားခဲ့၍ (၁၅)ပေခန့် ကျိုးကျကာ နေအိမ်(၇)လုံးခန့်မှာ (၄)ပေခန့် ရေနစ်မြုပ်ပြီး ရေကြီးရေလျှံမှုများ၊ ဖြစ်ပေါ်လျက်ရှိ သည်။
ပင်းတယမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်းလူဦး ရေ ၄၇၁၁ ဦး ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးဖြစ်သည်
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ စုစုပေါင်း ၄၇၁၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပြီးစီးခဲ့ကြောင်းကို မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ် ရေးကော်မတီမှ သိရသည်။
ဒိုက်ဦး၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်၊ အိမ်ပြိုမှုဖြစ်ပွား
Aug 03,2021
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ဩဂုတ်လ ၂ ရက်နေ့ညနေပိုင်းက တိုက်ခတ်သော လေဆင်နှာမောင်းကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်လမ်းနေ(၆)လမ်းနေ ဦးအေးမြင့်၏(၃x၄)ပင် ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး (အိမ်ပြို) ၊ ဝါဆိုရပ်ကွက် (၆ )လမ်းနေ ဦးရဲလင်းအောင် (၃x၄)ပင်၊ သွပ်မိုး၊ ထရံကာ(အိမ်ပြို) ဝါဆိုရပ်ကွက်(၇)လမ်းနေ ဦးကျော်ကျော်၏ (၃x၄)ပင် ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုးအိမ်(အမိုးတစ်ခြမ်းလန်) ဝါဆိုရပ်ကွက်၊ (၃)လမ်း နေဒေါ်မြင့်ကြည်၏ ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုး(အမိုးလန်)၊ ဝါဆိုရပ်ကွက်(၂)လမ်းနေ ဒေါ်နွဲ့ရီ၏(၃×၅)ပင် (တိုက်ခံသွပ်မိုး) အိမ်(အမိုးလန်)မှုဖြစ်ပွားခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ပင်ပြိုလဲပြီး ဆိုင်ခန်းတစ်ချို့ သွပ်မိုးလန်မှုများ ဖြစ်ပွား
Aug 03,2021
ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ သူရလမ်းတွင်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  အမြင့် (၁၂၀)ပေ၊ လုံးပတ်(၁၅) ပေခန့်ရှိ ညောင်ပင်မှာအမြစ်မှ ကျွတ်ထွက်ကာ လမ်းမပေါ်သို့ ပြိုလဲကျခဲ့သည်။