ဖားကန့် သြဂုတ် ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များမှ ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂွမ်ဆိုင်းလီဦး ဆောင်ဦးပါအဖွဲ့မှ ဦးဆောင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေစုစုပေါင်း (၁၈၀)ဦး၊ အသုံးပြုကာကွယ်ဆေး လုံး(၉၀) လုံးဖြစ်ပြီး အုပ်စုအလိုက်အားဖြင့် အုပ်စု(က)တွင် (၆၅)နှစ်အထက် (၅)ဦး၊ အုပ်စု(ခ)တွင် အစိုးရ/ပုဂ္ဂလိ က ကျန်းမာရေး၀န်ထမ်း (၁)ဦး၊ အုပ်စု(ဂ)တွင် Volunteer /ပရဟိတ (၁၅)ဦး၊ အုပ်စု(ဃ)တွင် ဘာသာရေး(၉)ဦး၊ အုပ်စု(င)တွင် နိုင်ငံ့၀န်ထမ်း (၂၅)ဦး၊ အုပ်စု(စ)တွင် ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ၀န်ထမ်း (၄၂)ဦး၊ အုပ်စု(ဆ)တွင် Super Market / ဈေး (၈၃)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။