ဆားလင်းကြီး ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် စတင်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆားလင်းကြီးမြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံရန်အတွက် စုရပ်နေရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသာခန်းမ၊ OSS ခန်းမ၊ ကျားတက်(အထက)၊ သနပ်အမျှာင်(RHC)၊ ဖလန်ကန်(အမက) စသည့် နေရာများတွင် ယနေ့နှင့် ဩဂုတ် ၄ ရက်နေ့များတွင် နံနက် ၈နာရီ မှ ညနေ ၄ နာရီအထိ ကာကွယ်ဆေးများ ထိုးပေးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အလိုက်စာရင်းများ ကောက်ယူရရှိသည့် အသက် ၆၅ နှစ်အထက်ရှိသူများအား ဦးစားပေးထိုးနှံ သွားမည်ဖြစ်ပြီး ရဟန်း/သံဃာ/သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအသင်းများနှင့် လူမှုအဖွဲ့အစည်းများမှ Volunteer များကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆားလင်းကြီး မြို့နယ်အတွက် ကာကွယ်ဆေး (၇၅၀)လုံးရရှိပြီး ကာကွယ်ဆေးတစ်လုံးလျှင်(၂)ဦးနှုန်းဖြင့် လူဦးရေ ၁၅၀၀ ကို ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဥမ္မာ