မိုင်းပန်မြို့နယ်တွင် မွေးစမှ အသက်(၁၈)လအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်ဆောင်ရွက်

 

မိုင်းပန် ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ဩဂုတ်လ (၁) ရက်နေ့ နံနက် (၈) နာရီအချိန်မှစ၍ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနိုင်လင်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် မွေးစမှ အသက် (၁၈) လအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ကို ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးအား ဩဂုတ်လ (၁) ရက်နေ့နှင့် (၂) ရက်နေ့ ၂ရက်တာ ထိုးနှံပေးခဲ့ပြီး ကလေးငယ်စုစုပေါင်း (၁ဝ၄) ဦးကို ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။