လသာမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

 

လသာ    ဩဂုတ် 

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝှန်းတွင်  ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ   ကိုဗစ်-၁၉ ရောဂါကူး စက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက  ရန်ကုန် အနောက်ပိုင်းခရိုင် လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လမ်း(၂၀)ရှိ၊မြို့နယ် ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုး နှံမည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ထိုးနှံရာတွင် မြို့နယ်တွင်းရှိ သက်ကြီးဘိုးဘွားများ၊ ပရဟိတစေတနာ့ ဝန်ထမ်းစုစု ပေါင်း(၂၀၀)ဦးကို   ထိုးနှံပေးခဲ့ပြီး နောက်နေ့များတွင်လည်း စာရင်းပြုစုထားသည့်အသက် (၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ  နှင့် စေတနာဝန်ထမ်းအဖွဲ့ဝင် များများဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ၏ စာရင်းပြုစုချက်အရ လသာမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား  စုစုပေါင်း  (၂၈၉၅)ဦးရှိကြောင်း သိရသည်၊၊

လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ အသက်(၇၅)နှစ်အရွယ်ရှိဦးဘဝင်းက မိမိရှေ့တွင်ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူများကို တွေ့မြင်နေခဲ့ရသောကြောင့် စိုးရိမ်ပူပန်မိကြောင်း၊ ယခု အချိန်တွင် ဆေးထိုး ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ ဆေးထိုးပြီးနောက်ယုံကြည်မှုလည်းရှိ သွားကြောင်း၊      အားလည်းရှိသွားကြောင်း တခြားမထိုးရသေးတဲ့သူတွေလည်း လာရောက်ထိုး နှံကြပါလို့ တိုက်တွန်းကြောင်း  ပြောကြားခဲ့သည်၊၊

ကာကွယ်ဆေးထိုးနှံရာနေရာသို့ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဗိုလ်မှူး ဆန်းထွန်းအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာမျိုးကိုကိုတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး               မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ ကကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊