ကြည့်မြင်တိုင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိ

ကြည့်မြင်တိုင်  ဩဂုတ်   ၃

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက် ၊ကျောင်းကြီးလမ်း၊ မဟာပု‌ညော ပကာရဓမ္မာရုံ၌ ယ​နေ့နံနက် (၉း၀၀)အချိန်က မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီဌာနမှူးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ စသည်ဖြင့် သတ်မှတ်ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။