ကျိန္တလီ သြဂုတ် ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharn) စတင်ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက် တို့အား တစ်ပြိုင်တည်း စတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ထိုးနှံရာတွင် လူဦးရေးထူးထပ်သော မြို့ပေါ်ရပ်ကွက်များအား ဦးစားပေးအဖြစ် စတင်ထိုးနှံခြင်း ဖြစ်ပြီး မြို့ပေါ်အမှတ်(၂)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် လူဦးရေ(၃၄၆) ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ အသက် (၆၅)နှစ်အထက်လူဦးရေ(၆၂)ဦး ၊ စုစုပေါင်း(၄၀၈)ဦးတို့ အား ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံမှုများ စနစ်တကျ ရှိစေရန်အတွက် မြို့အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဖြိုးဝေလင်း ၊ ကျိန္တလီမြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ခင်ထွေး ၊ ကျိန္တလီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သျှန်အောင် ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ဆေးထိုးနှံပေးနေမှုများကိုကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဆက်လက်၍ ကျိန္တလီမြို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)အလုံးရေ (၂၀၀)လုံး ရရှိထားပြီး ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးနှုန်းဖြင့်ထိုးနှံပေး သွားမည်ဖြစ် ကြောင်း ယနေ့ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ဆေးထိုးစုရပ် ၌ စုစုပေါင်း (၄၆)ဦးခန့်ကို စတင်ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရက်များတွင်လည်း ဆက်လက် ထိုးနှံနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံလိုသူများအား တာဝန်ရှိသူများက အဆင့်ဆင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ကျိန္တလီမြို့ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။