ချောင်းဆုံ ဩဂုတ် ၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ချောင်းဆုံမြိုနယ်မြေ ပြို၍ သဘာဝဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှလှူဒါန်း ပေး သည့် လှူဒါန်းငွေကျပ် သိန်း ၁၁၀အား သွားရောက်ထောက်ပံ့ပေးသည်။
ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြေပြိုခဲ့သည့် နေရာအားကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မွန်ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးသင့် အိမ်ခြေများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ကြက်သွန်နီ၊ ကြက်ဥထောက်ပံ့ ပေးအပ်ခဲ့သည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွမ်ရိုက်ကျေးရွာတွင် သဘာဝဘေးဘေးဒဏ်ဖြင့်ထိခိုက်ပျက်စီးမှုဖြစ်ပွားမှုကြောင့် မြေနေရာများ အစားထိုးပေးအပ်နိုင်ရေး သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် ရွာလွတ် (အ.ထ.က)ကျောင်းနှင့် ကညှော်(အ.ထ.က)ကျောင်းတွင် ပြည်သူများကာကွယ်ဆေးထိုး နှံပေးမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့သည်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ဇူလိုင် ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ခန့်က ကွမ်ရိုက် ကျေးရွာတွင် တောင်မြေပြိုကျမှု များဖြစ်ပေါ်လျက်ရှိခဲ့ရာ မြေပြို ကျခြင်းများဖြစ်ပွားမှုကြောင့် အဆိုပါဖြစ်စဉ်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ မြေများထပ်မံ ပြိုကျလာ ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ အန္တရာယ်ကြုံတွေ့နိုင်သည့်အိမ်ထောင်စုဝင်များအား ဘေးလွတ် ရာသို့ ပြောင်းရွေ့နိုင်ရေးနှင့် လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီပေးနေသည့် နယ်မြေခံတပ်ဖွဲ့ ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ် ရေးအဖွဲ့ဝင်များမှ ကယ်ဆယ်ရေး စက်ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်ပေးနေကြသလို ပြောင်းရွေ့အိမ်ထောင်စုဝင် (၅၅)စုတို့အားမွန်ပြည်နယ်အစိုးရအဖွဲ့မှ လည်းလိုအပ်သည်များကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။