ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံ​​တွေ့ရှိ

ချောင်းသာ သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူ (၁၄)ဦးတို့အား ယနေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံတွေ့ရှိခဲ့သည်။

 အဆိုပါ တွေ့ရှိမှုတွင် ချောင်းသာမြို့အမှတ်(၁)ရပ်ကွက်မှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦး၊ အမှတ်(၂) ရပ်ကွက်မှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး၊ ချောင်းသာမြို့ အမှတ် (၃) ရပ်ကွက်မှ အမျိုးသား (၁) ဦး၊ စုစုပေါင်း(၁၁)ဦး ပိုးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား တိုက်နယ်ပြည်သူ့ဆေးရုံ၊ ရွာမကျောက်းတိုက်ဓမ္မာရုံနှင့် ဘုတ်ဆုံမပညာဒါန နှစ်ထပ်ကျောင်းဆောင် တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ချောင်းသာမြို့တွင် ဇူလှိုင်လ (၃၁)ရက်နေ့ထိ အတည်ပြု ပိုးတွေ့လူနာ စုစုပေါင်း (၃၁၀)ဦးရှိပြီး၊ သေဆုံးသူ (၁၈)ဦးရှိကြောင်း တိုက်နယ် ပြည်သူ့ဆေးရုံမှ သိရသည်။