ဘူးသီးတောင်မြို့နယ်တွင် အကျဉ်း‌ထောင်ရှိ အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး စတင်ထိုးနှံလျက်ရှိ

ဘူးသီးတောင် ဩဂုတ် ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ နယ်အကျဉ်းထောင်ရှိ အချုပ်သား/သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နေလယ်(၂)နာရီ အချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန အဆောင်(၁)ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊​သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင် အောက်ဆီဂျင် ပါဝင်မှု တိုင်းတာခြင်းတို့ကို ဆောင်ရွက်ကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၊ ပုံမှန်အနေအထားဖြစ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံလျက်ရှိရာ အကျဉ်းသား/အချုပ်သား ကျား/မ (၇၆)ဦး၊ ဝန်ထမ်း (၉)ဦး၊ ဝန်ထမ်းမိသားစု(၅)ဦး စုစုပေါင်း (၉၀) ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုများအား မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိ လက်​ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဌေးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။