နမ့်စန်(တ) ဩဂုတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်တပ်နယ်မှူးနှင့် မြို့နယ်မှတာဝန်ရှိသူများက ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ရဟန်းသံဃာနှင့် သီလရှင်များအတွက် ဆွမ်းဆန် အိတ်များကို ယမန်နေ့ နေ့လယ် ၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားမှုကာလ အတွင်း ပရိယတ္တိစာသင်တိုက်များရှိ ရဟန်းသံဃာနှင့် သီလရှင်များအတွက် လှူဒါန်းသော ဆွမ်းဆန် အိတ် ၅၀ အိတ်ကို နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထူးမြတ်တိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများက နမ့်စန်မြို့အတွင်းရှိ ဘုန်းတော်ကြီး/သီလရှင် ပရိယတ္တိစာသင်တိုက် ၁၀ တိုက်သို့ သွားရောက်ပေး အပ် လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များက လက်ခံရယူခဲ့ကြောင်း သိရသည်။