ကမာရွတ်မြို့နယ်တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ်၌ ယမန်နေ့ နံနက်(၀၉:၀၀)အချိန်မှစတင်၍ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် အ.မ.က(၂) စာသင်ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။