ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ရန်ကုန်   သြဂုတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း ခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များ၊  စည်းမျဉ်း၊ စည်းကမ်းများနှင်အညီ ကျင်းပရာရန် ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ကြ သည်။

အခမ်းအနားတွင်  Yangon Metropolitan Development Public Co.,ltdမှ ငွေကျပ်သိန်း (၅၀၀၀)၊ Radiant International Co.,Ltd မှ  ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ Zydus Healthcare (အိန္ဒိယနိုင်ငံ - ထုတ်) Fabidac ဆေး (၂၄၀၀၀) လုံး ၊  Amazing Zawgyi Co.,Ltd မှ ငွေကျပ်(၁၉၂) သိန်း တန်ဖိုးရှိသော Oxygen Concentrator (10l)(၁၀)လုံးနှင့် Oximeter (၂၀၀)လုံး၊ LANDA General Trading Co.,Ltd မှ ငွေကျပ်(၁၂၅) သိန်း တန်ဖိုးရှိ Liquid Oxygen (၂၀)တန် ၊ Sky Home Co.,Ltd မှငွေကျပ်(၁၂၅) သိန်း တန်ဖိုးရှိ Liquid Oxygen (၂၀)တန် ၊ Treasure Land Asia Investment  Co.Ltd မှ သိန်း ၁၂၀ တန်ဖိုးရှိ Oxygen Concentrator (၆)လုံး ၊ မိဘနှစ်ပါးအားအမှူးထား၍ (သား) ဦးကျော်စွာဦးနှင့်(သမီး)ဒေါ်ဆွေဇင်ဦး(ULTRA Co.,Ltd) မိသားစုမှ ငွေကျပ်သိန်း (၁၀၀)၊ ဦးသက်မျိုး + ဒေါ်မိုးသီတာဇော် (မိုးရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီမိသားစုနှင့် ဒေါက်တာစည်သူဝင်း (Future Bright Co., Ltd) တို့မှ ငွေကျပ်သိန်း (၇၀) တန်ဖိုးရှိသော ဆေးရုံသုံး Oxygen Flow Meter (၅၀)ခု၊ နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်းမှ ငွေကျပ်သိန်း(၃၇) တန်ဖိုးရှိသော Oximeter (၂၀၀)လုံးနှင့် Flow Meter (၁၀၀)ခု၊ ဒေါက်တာဘဒ္ဒန္တဉာဏိသာရ၊ ပဓာနနာ ယကဆရာတော် မဟာပရိနိဗ္ဗာနကျောင်းတော်ကြီး ၊ မြန်မာကျောင်း တိုက်(အိန္ဒိယနိုင်ငံ)မှ US $ (3000)၊ ကွယ်လွန်သူဒုတိယဗိုလ်မှူးကြီးသိန်းအောင်အား ရည်စူး၍ ရွှေရတု ဒေါ်သန်းတင် မိသားစုမှ  US $ (1000) ၊ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွေး (Royal AAT Co., Ltd) မှ ကျပ် သိန်း (၁၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၆၂၇,၉ဝဝ,ဝဝဝိ/-) ခြောက်ထောင်နှစ်ရာခုနှစ်ဆယ့် ကိုးသိန်းတိတိနှင့် အမေရိကန်ဒေါ်လာ (US / $-4000) တို့ကိုပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့​သည်။

ထို့နောက် ဝန်ကြီးချုပ်  ဦးလှစိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုတ ဖြည်းဖြည်းကျဆင်းနေပြီး ဆက်လက်ထိန်းချုပ်နိုင်ရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ Volunteer များက ကြိုးစား ဆောင်ရွက်နေကြသလို ယခုကဲ့သို့စေတနာ ရှင်မိဘ ပြည်သူများက တစ်ဘက်တစ်လမ်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းပေး သည့်အတွက် အလှူရှင်များကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)