တနင်္သာရီမြို့နယ်စည်ပင်သာယာဈေးအား Lock Down ချ၍ ယာယီပိတ်ထားမည်
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် နေ့စဉ်ကူးစက်မှုနှုန်း မြင့်တက်နေခြင်း၊ ကျေးရွာများအထိ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့သူ (Positive)လူနာ များပြားလာခြင်း၊ အောင်မင်္ဂလာ(၂)ကုန်စုံဈေးအနီးရှိ လမ်းများတွင်လည်း ပိုးတွေ့သူနှင့် ထိစပ်သည့် Lock Down ချ၍Home Quarantine အသွားအလာကန့်သတ်ထားသည့် နေအိမ်တစ်ချို့ များပြားလာခြင်း၊ ပိုးတွေ့လူနာများအား စောင့်ကြည့်ထားရှိရန် နေရာခက်ခဲခြင်း တို့ကြောင့် ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေးမပြုလုပ်ဘဲ ရောဂါကူးစက်မှုမှ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ချောင်းငယ်ရပ်ကွက်၊ ဈေးလမ်းရှိ "အောင်မင်္ဂလာ(၂)" ကုန်စိမ်းနှင့်သားငါးဈေး၊ ချောင်းကြီးရပ်ကွက်၊ တိုးချဲ့(၁)လမ်းရှိ ပျံကျဈေးတို့ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်မှ ဩဂုတ်လ(၁၇)ရက်နေ့အထိ တစ်ပတ်တိတိ Lock Down ချ၍ အသွားအလာကန့်သတ်ပြီး အရောင်းအဝယ်ပြုလုပ်ခြင်းအား ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရှိရသည်။