ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ YUFC လေ့ကျင်းရေးကွင်းနှင့် အ.ထ.က (၁) ကျောင်း တို့တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါဆေးထိုးနှံမှုတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံသူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန့်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ မြိုနယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။
လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၆)ခုမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်များအလိုက် အလှည့်ကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် သက်ကြီးဘိုးဘွားနှင့် ရဟန်းသံဃာ၊ သီလရှင်များနှင့် Volunteer များ အပါအဝင် (၄၄၉) ဦး ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန် /ဆက် )