ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် အလုံမြို့နယ်တွင် လက်လီ / လက်ကားရောင်းချပေး

               ရန်ကုန်  ဩဂုတ်  ၁၈

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ် ပွားနေသည့်ကာလအတွင်းပြည်သူများ၏ လိုအပ်ချက် ဖြစ်သည့်ဆေးနှင့်ဆေးပစ္စည်းများကို အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့မှပူးပေါင်းစီစဉ်ပြီး လက်လီ/လက်ကား ရောင်းချခြင်း အစီအစဉ်ကို အလုံမြို့နယ်လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၁၀၄/၁၀၅)၌ ဒုတိယနေ့အဖြစ် ဆက်လက် ရောင်းချလျက်ရှိသည်။

ထိုသို့ရောင်းချနေမှုအား ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် စီးပွားရေးရာ ဝန်ကြီးဦးအောင်သန်းဦးတို့ လာရောက်ကြည့်ရှုအားပေးပြီး ဝန်ကြီးများမှ ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ အရည်အသွေးမှန်ကန်သော ဆေးများဖြစ်စေရေးနှင့် ပြည်သူများ၏ကျန်းမာရေးအတွက် လိုအပ်ချက်ဖြစ်သော ဆေးနှင့်ဆေးပစ္စည်းများကို ယခုလို ရောင်းချပေးသည့် ဆေးကုမ္ပဏီများကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် လွယ်လင့်တကူဝယ်ယူနိုင်ရန် ဒုတိယနေ့အဖြစ် ဆေးဝါးတင်သွင်း / ဖြန့်ဖြူး ရောင်းချသည့်ကုမ္ပဏီ (၂၇) ခု မှ ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုသည့်ဆေးဝါးများနှင့် ဆက်စပ်ဆေးဝါးများ၊ အခြားလူသုံးများသည့်ဆေးဝါးများ အမျိုးပေါင်း ၃ဝဝ ကျော်ကို အရည် အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပြီး ကိုဗစ် -၁၉ တတိယလှိုင်းကာလအတွင်းပြည်သူ များဆေးဝါးလိုအပ်ချက် မြင့်တက်လာမှုကြောင့် ဆေးဝါးဈေးနှုန်းများပါ မြင့်တက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးအစိုးရနှင့် မြန်မာနိုင်ငံဆေး နှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုအရ ဈေးကွက်အတွင်း ဆေးဝါးများ လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီဖြစ်သည့်အပြင် ဆေး ဝါးဈေးနှုန်းများမှာလည်း ပုံမှန်အခြေ အနေနီးပါးသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ကိုဗစ်တတိယလှိုင်းမစတင်မီ ဗီတာမင်စီ -၁၀၀၀ မီလီဂရမ် (၆)လုံးပါ (၁)ဗူးကို (၈၉၄၀)ကျပ် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း (၁၅၀၀၀)ကျပ်လက်ရှိရောင်းချသည့် ဈေးနှုန်း (၉၉၀၀) ကျပ်၊ ပါတာစီတမော့ (၁၀)လုံးပါ (၁)ကတ် (၂၅၀)ကျပ်အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်း (၅၀၀) ကျပ်၊ လက်ရှိဈေးနှုန်း (၁၅၀)ကျပ် Favipiavir ၄၀၀ မီလီဂရမ်  (၁၀)လုံး တစ်ကတ် (၆၅၀၀) ကျပ်၊အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့်စျေးနှုန်း(၃၃၀၀၀)ကျပ်၊ လက်ရှိဈေးနှုန်း (၁၅၅၀၀) ကျပ်၊ Remdesivir 1 G Injection တစ်လုံးခြောက်သောင်းငါး  ထောင်တစ်ရာနှစ်ဆယ်ကျပ် ၊  အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း (တစ်သိန်း)ကျပ် လက်ရှိဈေးနှုန်း (ရှစ်သောင်းငါးထောင်)ကျပ် ၊ Solmux (အခဲ) ၄ လုံးပါတစ်ကတ် ၈၀၀ ကျပ် ၊ အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်း (၁၂၀၀) ကျပ် ၊ လက်ရှိဈေးနှုန်း (၈၀၀) ကျပ် ၊ Cevit ၁၀၀မီလီဂရမ် ၁၀၀ လုံးပါတစ်ဗူး (၁၅၀၀) ကျပ် ၊ အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း(၃၅၀၀) ကျပ် ၊ လက်ရှိဈေးနှုန်း(၁၉၅၀) ကျပ် ၊ Vitamin D3 ငါးထောင် မီလီဂရမ် ၁၀ လုံးပါတစ်ကတ် (၂၅၀၀) အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း ( ၂၇၀၀) ကျပ် ၊ လက်ရှိဈေးနှုန်း(၁၀၀၀) ကျပ်တို့ဖြစ်ပြီး အခြားလူသုံးများသည့်ဆေးဝါးများ၊ ကိုဗစ်-၁၉ သာမန်ကုသဆေး(၃၃)မျိုးနှင့် ဆက်စပ်ဆေးဝါးများကိုလည်း အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆန်းကျော်ဦး