သန်လျင်၌ အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၌ လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေး
Aug 18,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်၆၅နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ နှင့် စေတနာ့ဝန်ထမ်းများအား သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ၌ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ စေတနာ့လုပ်အားရှင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်ပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။