မင်းဘူး ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ( ၃ ) ရပ်ကွက်တွင် လ.ဝ.က ရုံး RC ( ၂ ) ထပ် အဆောက် အဦ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီ ယာထံမှ သိရသည်။
ထိုသို့ တည်ဆောက်လျက်ရှိသော လ.ဝ.က ရုံးမှာ အလျား ၆၀ ပေ၊ အနံ ၂၈ ပေနှင့် အမြင့် ၂၇ ပေ ၆ လက်မဖြစ်ပြီး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၇၉၆၃၃၀၀၀ သိန်းဖြင့် တင်ဒါအောင် Mabel Co,Ltd မှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မင်းဘူးမြို့ လ.ဝ.က ရုံးတည်ဆောက်ခြင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၇၉၆၃၃၀၀၀ သိန်းဖြင့် ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီလဆန်းမှစ၍ ဆောက်လုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် လုပ်ငန်းများအားလုံး တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း Mabel Co,Ltd အင်ဂျင်နီယာချုပ် ဦးတင်ထွန်းထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)