သတင်းများ

မော်လိုက်မြို့၌ သံဃာတော်များ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
Aug 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ စတင်၍ သြဂုတ်လ ၂၀ ရက်နေ့အထိ စုရပ်(၅)ခုသတ်မှတ်ကာ ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းတွင် စုရပ်(၃)ခုတို့၌ Sinopharm ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင်အညီ ထိုးနှံပေးခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်စက်ရုံ၊ အလုပ်ရုံများမှ ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံများမှ ပြည်သူများအား ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ အမှတ်(၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း(၂၅၀)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာလ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စစ်တွေမြို့နယ်၊ ကုန်တင်၊ ကုန်ချ အမြဲတမ်း အလုပ်သမား များအား ပေါ်ဆန်းမွှေးဆန်၊ ကြက်ဥနှင့်Maskများထောက်ပံ့
Aug 17,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စစ်တွေမြို့နယ် ကုန်တင်၊ ကုန်ချ ကော်မတီးရုံးမှ မြို့နယ်အတွင်း ကုန်တင်၊ ကုန်ချဆောင်ရွက်နေကြသည့် အမြဲတမ်း အလုပ်သမားများအား ပေါ်ဆန်းမွှေးဆန်၊ ကြက်ဥနှင့် Mask များထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ကုန်တင်၊ ကုန်ချ ကော်မတီရုံး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဒလမြို့နယ်ရှိ ပြည်သူများအား ဆန်နှင့်ဆီများ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေး
Aug 17,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ဈေးအနီး၌ ယနေ့မွန်းလွဲ ၂ နာရီက ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေး နှင့် ရောင်းချရေးယာဉ်ဖြင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီများကို သင့်တင့်သော ဈေးနှုန်းဖြင့်လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Aug 17,2021
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်ဖြစ်သည့် မလှိုင် အ.ထ.က ကျောင်းဝင်းအတွင်း၌ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည် ။ 
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 17,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁၇/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ Videoconferncing ဖြင့် တွေ့ဆုံဆွေးနွေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ Videoconferncing ဖြင့် ယနေ့နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။