ရန်ကုန် သြဂုတ် ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ်၌ ယမန်နေ့ နံနက်(၀၉:၀၀)အချိန်မှစတင်၍ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် အ.မ.က(၂) စာသင်ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုကဲ့သို့ ထိုးနှံပေးရာတွင် ရပ်ကွက်တွင်းဆေးထိုးရန် ကျန်ရှိနေသောအသက် (၆၅)နှစ် နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် အစိုးရ ၊ ပုဂ္ဂလိက ကျန်းမားရေးဝန်ထမ်းများ ၊ ပရဟိတဆောင်ရွက်ပေးလျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။ ကမာရွတ်မြို့နယ် အတွင်းရှိ ရပ်ကွက်(၁၀)ခုမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ်လ(၁)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိသက်ကြီး ဘိုးဘွားနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ စေတနာရှင်ပရဟိတ Volunteer များအား သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံသူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြိုနယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန် /ဆက် )