မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မတ္တရာ သြဂုတ် ၁၈ 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်း မတွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ၁၈ နှစ်အထက် ရဟန်းသံဃာများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းရေးအဖွဲ့ဝင်များနှင့် ကိုဗစ်၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunterများနှင့် ပုဂ္ဂလိက စက်ရုံ အလုပ်ရုံမှ လုပ်သားမျးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များပူးပေါင်း၍ ကာကွယ်ဆေးများထိုးနှံ ပေးခဲ့ကြသည်။ 

မတ္တရာမြို့နယ်တွင် ယနေ့အထိ အသက်(၆၅)နှစ်အထက်(၄၁၉၀)ဦး၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၇၉)ဦး၊ ပရဟိတ(၃၁၂)ဦး၊ သံဃာ၊ သီလရှင်(၂၂၂)ပါး၊ နိုင်ငံ့ဝန်ထမ်း (၈၉၆)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံမှ လုပ်သား(၁၁၄)ဦး စုစုပေါင်း လူဦးရေ(၅၈၁၃)ဦးအား ကိုဗစ်၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့်  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဦးစားပေးအဆင့် အလိုက် ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)