စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော အောက်ဆီဂျင်အိုး၊ စက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိ
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများအတွက် အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အောက်ဆီဂျင်အိုး၊ စက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့နံနက် က ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။