သဲကုန်း သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါကအရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရေပြင်အသက် ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုအား ယနေ့နံနက် ၉ နာရီက သဲကုန်းမြို့ နယ်၊ရပ်ကွက်(၂)ရှိကန်သာယာရေလယ်ကျွန်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးတပ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များမှ ရေနစ်နေသူအား စက်လှေဖြင့်သွား ရောက်ကယ်ဆယ်ပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရေနစ်သူအား ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်တင်ခြင်း သရုပ်ပြခဲ့ကြသည်။
အဆိုပါဆောင်ရွက်နေမှုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ ဝင်များ၊ဌာနဆိုင်ရာများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်အေးနှင့်ရဲတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များမှသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)