ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophram)အား ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၄၂၀၀) ဦး ထိုးနှံပေးပြီးဖြစ်

ဆားလင်းကြီး   ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ် ဆေး(Sinophran) ထိုးနှံပေးခြင်းကို ဩဂုတ်လ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ လူဦးရေ (၄၂၀၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆားလင်းကြီးမြို့နယ်တွင် ဆေးထိုးသတ်မှတ်စုရပ် နေရာ(၅)ခုတို့တွင် ဩဂုတ်လ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ ပထမအသုတ်နှင့် ဩဂုတ်လ(၇) ရက်နေ့မှ (၉)ရက်နေ့အထိ ဒုတိယအသုတ်၊ ဩဂုတ်လ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ တတိယအသုတ်အဖြစ် (၃)ခုပေါင်းတွင် ဦးစားပေးအုပ်စုများအလိုက် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၂၁၅၈)ဦး၊ ရဟန်သံဃာတော်များနှင့်သီလရှင်(၂၀၆)ဦး၊  နိုင်ငံဝန်ထမ်း (၁၈၇)ဦး)၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၂)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၄၉၄)ဦး၊  ပရဟိတစေတနာ့ ဝန်ထမ်း Volunteer(၈၀၅)ဦး၊ အကျဉ်းသား/  အချုပ်သား(၁၀)ဦး၊ Super Marketနှင့်စျေးများမှ အများပြည်သူ (၃၃၈)ဦး စုစုပေါင်း(၄၂၀၀) ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် ဆားလင်းကြီးမြို့နယ်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophram) ဆေးအလုံးရေ (၂၁၀၀)လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းထိုးနိုင်ပြီး လူဦးရေ (၄၂၀၀)ဦးအား ထိုးနှံပေးပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophram)ထိုးနှံပြီးသူများအား (၂၈)ရက်အကြာတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophram)အား ဒုတိယအကြိမ် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

ဥမ္မာ