မုံရွာ သြဂုတ် ၁၇
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နွားမွေးမြူရေးဇုံအတွင်း နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ နွားမွေးမြူရေးလုပ်ငန်းရှင်များမှ နို့စားနွားမွေးမြူထားရှိမှု လုပ်ငန်းများနှင့် ဇုန်အတွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နို့စားနွားများမွေးမြူထားရှိမှုအား ကြည့်ရှု့စစ်ဆေးကာ အဆိုပါ နို့စားနွားမွေးမြူရေးဇုံတွင် လုပ်ငန်းရှင်(၄၁)ဦးမှ နို့စားနွား(၇၈၅) ကောင် မွေးမြူထားပြီး တစ်ရက်လျင်နွားနို့ပိဿချိန်(၂၀၀၀)ကျော်ထွက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ကျောက်စစ်ပုံ(တောင်)ကျေးရွာရှိ ဥစားကြက် မွေးမြူရေးဇုံသို့ရောက်ရှိရာ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ မွေးမြူရေးလုပ်ငန်းရှင်များမှ ဇုံအတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့် ဥစားကြက်မွေးမြူထားရှိမှုများအား ဆွေး နွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ ဇုံအတွင်းဥစားကြက်များ မွေးမြူထားရှိမှုများအား လည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကာ အဆိုပါ ဇုန်အတွင်းလုပ်ငန်းရှင်(၇၅)ဦး၏ ခြံ(၉၀)တွင် ဥစားကြက်(၅၅၀၀၀) (ငါးသောင်းငါးထောင်)ကျော် မွေးမြူ ထားပြီး တစ်ရက်လှျင် ကြက်ဥ(၄၀၀၀၀)(လေးသောင်း)ကျော်ထွက်ရှိကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် ရွှေပြည်အေးကျေးရွာ၊ ငုံးမွေးမြူရေးဇုန်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ငုံးမွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ မုံရွာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဇုန်တာဝန်ခံတို့မှ ဇုန်အတွင်းငုံးမွေးမြူထားရှိမှုများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငုံးမွေးမြူရေး လုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ငုံးမွေးမြူထားရှိမှုနှင့် ငုံးဥထုတ်ပိုးခြင်း၊ ငုံးမီးကိုင်ခြံများသို့ သွား ရောက်ကြည့်ရှု့စစ်ဆေးခဲ့ကာ လုပ်ငန်းရှင်(၃၃)ဦး၏ ခြံ(၃၃)ခြံတွင် ငုံး(၃၃၀၀၀၀) (သုံးသိန်းသုံးသောင်း) ကောင် မွေးမြူထားပြီး တစ်ရက်လျင်ငုံးဥ (၂၅၀၀၀၀) (နှစ်သိန်းငါးသောင်း)ကျော် ထွက်ရှိကြောင်း သတင်း ရရှိသည်။