ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဆားလင်းကြီး ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက ဆွေးနွေးပြောကြားရာတွင် ဆားလင်းကြီးမြို့နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စတုတ္ထအကြိမ်အဖြစ် ဆေးအလုံးရေ(၁၅၀၀) ထပ်မံရရှိကြောင်း၊ ယခုအကြိမ်ထမ်မံရရှိသော ကာကွယ်ဆေးသည် ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုးရမည်ဖြစ်ကြောင်း၊ ဆေးထိုးရန်ရက်ကို ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ (၃)ရက်ထိုးနှံပေးရန် လျာထားကြောင်း၊ ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်း Volunteerများ၊ Super Market နှင့်စျေးများမှ ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စာရင်းများ ထပ်မံ ကောက်ယူလျက်ရှိကြောင်း၊ ကော်မတီဝင်များ အနေဖြင့်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ရာဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏  လုပ်ငန်းများအောင်မြင်ရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ၏ မေးမြန်းဆွေးနွေးချက်များ၊ အကြံပြုတင်ပြချက်များအပေါ် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်