ဒေးဒရဲ ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၊သောကြာကျေးရွာအုပ်စု၊ ကျုံလှကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း (VDP)အရဖြင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်းနှင့် ကျေးရွာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် ဝန်ထမ်းများမှ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါစီမံကိန်းမှာ ကျေးလက်နေပြည်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော် မတည်ငွေ သိန်း(၁၀၀)နှင့်ပြည်သူ ထည့်ဝင်ငွေ (၁၀)သိန်း တို့ဖြင့် ဆောင်ရွက်နေသော စီမံကိန်းဖြစ်ကြောင်း သိရသည်။
အေဇာလင်း