ကျိန္တလီ သြဂုတ် ၂၁
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ သံသယလူနာ(၃)ဦးအား ကိုဗစ်-၁၉ Rapid Test Kit ဖြင့်စစ်ဆေးခဲ့ရာ(၂)ဦးတွင် ကိုဗစ်-၁၉ရောဂါ တွေ့ရှိရကြောင်း သိရသည်။
ပိုးတွေ့လူနာများမှာ ကျိန္တလီမြို့ ၊ ကိုင်းခုံကျေးရွာမှ ပိုးတွေ့လူနာအသက် (၃၆)နှစ် အမျိုးသား(၁)ဦး နှင့် အိုးထိမ်းကျေးရွာမှ အသက်(၄၁)နှစ် အမျိုးသမီး(၁)ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂)ဦးတို့အား ဆေးကုသမှု ခံယူရန် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံဟောင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာတွင် ကြပ်မတ် ကုသ ပေးသွားမည်ဖြစ်ကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျိန္တလီ