မော်လမြိုင်ကျွန်းမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စုအတွင်းရှိ​ ဆေးဆိုင်များအား မြို့နယ်ဆေးဝါး နှင့်ဆေးပစ္စည်း စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ် မက်ရေးအဖွဲ့မှ လိုက်လံစစ်​ဆေး

 

 

မော်လမြိုင်ကျွန်း   ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စု့ အတွင်းရှိ ဖွင့်လှစ်ထားရှိသော ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေး ကွက် စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ယနေ့ နံနက် ၁၁:၃၀ နာရီအချိန်ကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဈေးနှုန်း၊  လက်ကျန်၊ သိုလှောင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုဦးစီးမှူးဦးအောင်ဝေလင်း၊ မြို့နယ် ရဲတပ်ဖွဲ့ ၊မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ​ရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးတို့မှ ကျေးရွာအုပ်စုအတွင်းရှိဆေးဆိုင် များတွင် ရောင်းချမှု့စျေးနှုန်းထားများ၊ လက်ကျန်ပစ္စည်းများ ၊ဆေးပစ္စည်းများသိုလှောင် ထားရှိမှု့အခြေအနေတို့ကို ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးကြသည်။

အဆိုပါ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား  စျေးနှုန်းတင် ရောင်းချမှု မရှိစေရေး ၊ ဆေးဝါးများပြတ်လပ်မှုမရှိစေရေးတို့ကို ဒုဦးစီးမှူးဦးအောင်ဝေလင်းက အသိပညာပေးဆွေးနွေး ပြောကြားပြီး၊ ကျန်းမာရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်း၊ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု့ရှိ၊မရှိ လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ပြောကြားဆွေးနွေးခဲ့ပါကြောင်း မြို့နယ်စားသုံးသူရေးရာဦးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်ထံမှ သိရှိရသည်။

 

သီတာအောင်