မဘိမ်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကျေးရွာမြေငှားဂရံများ ထုတ်ပေးနိုင် ရေးအတွက် ယနေ့နံနက် ၁ဝ နာရီအချိန်ခန့်က ကုန်းမခံကျေးရွာ အကွက်အမှတ်-၁၅ ကုန်း မခံရွာမကွင်းတွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဟိန်းသူဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးတင်ညီညီနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်၊ ကုန်းမခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနှင့်အဖွဲ့ဝင်များက ကျေးရွာ အတွင်းရှိ အိမ်ခြံမြေပိုင်ရှင်များနှင့်တွေ့ဆုံ၍ မြေရာဇဝင်များမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းစစ်ဆေး ခဲ့ကြသည်။
မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာတွင် အိမ်ခြေ(၁၂၁)ခုနှင့် အိမ်ထောင်စု(၁၁၉)စုရှိပြီး ကျေးရွာ အတွင်းရှိ အိမ်ခြံမြေပိုင်ရှင်များအား ကျေးရွာမြေငှားဂရံများ ဆက်လက်ထုတ်ပေးသွားမည်ဖြစ် ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်း