မင်းဘူး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဆေးရုံဝန်ထမ်များနှင့် လူမှုရေး အဖွဲ့အစည်းများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆေးရုံးအတွင်း စုပေါင်းသန့်ရှင်းရေးများ လုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်တို့က ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ် ဖွဲ့ဝင်များနှင့် ဆေးရုံဝန်ထမ်းများ စုပေါင်းကာ ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာ လှပစေရေး အတွက် မြက်နှင့် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ မီးကြိုး၊ အဆောက်အဦးနှင့် မလွတ်ကင်း သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေးမြောင်းများ ရေစီးရေလာကောင်းမွန် စေရန် အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို စုစုပေါင်း အင်အား (၁၀၀)ခန့်ဖြင့် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးဆောင်ရွက်သူများအားလုံးကို ခရိုင်ပြည် သူ့ဆေးရုံကြီးမှ နံနက်စာအဖြစ် လဖက်ရည်နှင့် ကောက်ညှင်းပေါင်းများကို လိုက်လံဝေငှပြီး ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အလားတူ စကုမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း၌လည်း ယနေ့နံနက်ပိုင်းက သန့်ရှင်းရေးလုပ်ငန်းများ ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်