ဆီဆိုင် ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စေတနာရှင် အလှူရှင်များမှ စုပေါင်းလှူဒါန်းထားသည့် အခြေခံစားသောက်ကုန်များအား ယနေ့ နံနက် ၁၁ နာရီခန့်က ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာ၊ ဟော်မြောက်ကျေးရွာ၊ ပင်စုံကျေးရွာအုပ်စု၊ ထမ်းဖရားကျေးရွာများမှ အိမ်ထောင်စုများသို့ သွားရောက် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် စေတနာရှင် အလှူရှင်များ၏ကိုယ်စား ဖြူစင်နှလုံးသား သွေးလှူရှင်အသင်းမှ ဒေါ်ဝေဝေစိုး ဦးဆောင်သည့် အသင်းသူ အသင်းသားများက ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာမှ အိမ်ထောင်စု(၂၃)အိမ်၊ ဟော်မြောက်ကျေးရွာမှ အိမ်ထောင်စု (၂၁)အိမ်၊ ပင်စုံကျေးရွာအုပ်စု၊ ထမ်းဖရား ကျေးရွာမှအိမ်ထောင်စု(၂၀)အိမ်၊ စုစုပေါင်း အိမ်ထောင်စု (၆၄)အိမ်သို့ အခြေခံစားသောက်ကုန်များအား ကျေးရွာအရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမြတ်