တာချီလိတ် ဩဂုတ် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း(ခ)ရပ်ကွက်ဂေါက်ကွင်းလမ်း ပျက်စီးနေမှုကို စည်ပင်သာယာရေး ဌာနမှယနေ့နံနက်ပိုင်းက ပြင်ဆင်မှုများပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂေါက်ကွင်းလမ်းပိုင်းသည် အရှည်ပေ ၄၀၀ ၊အကျယ် ၁၈ပေ ရှိပြီး လမ်းထပ်ပိုးလွှာခင်းခြင်းကိုစည်ပင်၏ ခွင့်ပြုရန်ပုံငွေ ဘတ်ဂျက်ကျပ် ၈၂ သိန်းဖြင့် ပြင်ဆင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှုး၊ ဦးဖြိုးပြည့်ဟိန်းထံမှ သိရသည်။
အဆိုပါ လမ်းပိုင်း ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးမြင့်နိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်း ဂေါက်ကွင်းလမ်းပိုင်းကို ယခင်နှစ် စက်တင်ဘာလက တာချီလိတ် မြို့မီးလင်းရေးကော်မတီ၊ အာခါဇန်းမွန်ဟိုတယ်နှင့် ရီဂျီနားဟိုတယ်တို့၏ထောက်ပံ့ကူညီပေးမှုများဖြင့် စည်ပင်သာယာရေးဌာန၏ စက်ယန္တရားအကူအညီဖြင့် ထပ်ပိုးလွှာခင်းခြင်း ၊ လမ်းအကျယ် တိုးချဲ့ခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။
ဇင်ဇင်