အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(mask) Campaign ဆောင်ရွက်ခြင်းနှင့်အသိပညာပေးနှိုးဆော်ခြင်း

အမ်း သြဂုတ် ၂၁

 ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ  ကူးစက်ရောဂါပျံ့နှံမှု မရှိစေရန်နှင့် ရောဂါကူးစက်မှုအား လျော့ချနိုင်စေရန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့ပေါ် ရပ်ကွက်စျေးများ၊လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယနေ့နံနက်၉နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ကွင်းဆင်းရာတွင် မြို့နယ် ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွင်ပါဝင်သော ပူးပေါင်းဌာနများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်မီးသတ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် စျေးရောင်း၊စျေးဝယ်ပြည်သူများ၊အဌားယာဉ်မောင်းနေသူများနှင့်လမ်းသွားလမ်းလာပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း(mask)တပ်ဆင်မှု စနစ်တကျ ရှိစေရန် အသိပညာပေးခြင်း၊အခမဲ့ဖြန့်ဝေပေးခြင်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင်းအိမွန်က စျေးရောင်း/စျေးဝယ် ပြည်သူများထံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းပါ အချက်များကိုHandspeaker ဖြင့်လှည့်လည်၍ အသိပေး  နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်