တာချီလိတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ ရုံးမြေထိန်းနံရံ တည်ဆောက်ရေးအတွက် ထိုင်းဘတ်ငွေ နှစ်သောင်းထောက်ပံ့

တာချီလိတ် ဩဂုတ် ၂၁

ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အရန်မီးသတ်တပ်ဖွဲ့ရုံး မြေထိန်းနံရံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များက ထိုင်းဘတ် ငွေ နှစ်သောင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ရုံးသည် ဩဂုတ်လ ၁၃ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန့်ယွန်းချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ချောင်းရေတိုက်စားမှုကြောင့် မီးသတ် ရုံးမြေထိန်း နံရံပြိုကျခြင်း၊ရုံးအဆောက်အဦး၏ အောက်ခြေ၌  ခုနှစ်ပေခန့်အထိ လှိုဏ်ခေါင်များ ဖြစ်ပေါ်ခဲ့ကာ အဆောက်အဦး ပြိုကျနိုင်မှု အန္တရာယ် ဖြစ်ပေါ်ခဲ့ရသည်။

ထို့ကြောင့် အဆောက်အဦးပြိုကျမှု အန္တရာယ်မှကာကွယ်နိုင်ရန် မြေထိန်းနံရံအမြန်တည်ဆောက်ခြင်း၊ လှိုဏ်ခေါင်းပေါက်ကို ကျောက်နှင့် ဘိလပ်မြေတို့ဖြင့် ပိတ်ဆို့ခြင်းများ အ​မြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များက ထိုင်းဘတ်ငွေ နှစ်သောင်းအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ  အရန်မီးသတ်တပ်ဖွဲ့ရုံးမှ ဒုတပ်ရင်းမှူး ရဲနန္ဒာလင်း က လက်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့၌ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့မှလည်း ကျောက်၊ဘိလပ်မြေ၊အုတ်၊သဲ တို့ကို လာရောက်ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့​ကြောင်း သိရှိ ရသည်။

ယာဆေး