မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်လျက်ရှိ

မင်းလှ  ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီတို့ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောက်ဆီဂျင်စက်ရုံအဆောက်အဦကို မြို့နယ်စေတနာရှင်ပြည်သူများ လှူဒါန်းငွေဖြင့် အလျား ၄၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၅ ပေခန့် တည်ဆောက်သွားမည်ဖြစ်ပြီး၊ အောက်ဆီဂျင်စက်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအောက်ဆီဂျင်စက်သည် တစ်နာရီလျင် (၄၀)လီတာ အိုး(၁၀)အိုးရရှိပြီး တစ်ရက်လျင်(၄၀)လီတာ အိုး(၁၅၀) အိုးအထက်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများ၊ပြည်သူ့ဆေးရုံနှင့် အခြားနာမကျန်းလူနာများအတွက်လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေ ချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့်အခြား အနီးဝန်းကျင်မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပေါက်စ မင်းလှ