ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ လိုက်နာ‌​နိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

ရေဖြူ ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ ရပ်ကွက်/ကျေးရွာနေ မိဘပြည်သူများသိရှိပြီး လိုက်နာ စေရေး အတွက်   ယမန်​နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှ  ညနေ ၄ နာရီအထိ မြို့ပေါ်ရပ်ကွက်ရှိ လမ်းများ၊ ပိန်း‌ရှောင်၊ သစ်တိုထောင့်၊ ရလိုင်၊ ပုဂေါဇွန်း​ကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ကြေညာပေးလျက်ရှိကြောင်း သိရသည်။   

ယင်းသို့အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊   မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှနောင်၊ မြို့နယ် စည်ပင် အမှုဆောင်အရာရှိဦးနိုင်ထွေး၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး‌ဒေါ်ဖြူဖြူရှိန်၊  မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီး ဦးကျော်မျိုးထွန်းနှင့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံပန်ကြားချက်ပါ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအား “ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ” ဆောင်ပုဒ်နှင့်အညီ အားလုံး ကိုယ်စီမဖြစ်မနေ လိုက်နာဆောင်ရွက်ကြပါရန် နှိုးဆော်တိုက်တွန်းခဲ့ကြသည်။

ဖြစ်နိုင်ပါက အိမ်အတွင်း၌သာနေထိုင်ပါ။ အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးမပြုပါနှင့်မိမိကိုယ်တိုင်လည်း ဧည့်သည် အဖြစ်သွားရောက်ခြင်း လုံးဝမပြုပါနှင့်  အိမ်တွင်အသက် (၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ(သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူကိုပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ် တကျ တပ်ဆင်ထားပေးပါ လေဝင်လေထွက်ကောင်းသည့်နေရာမှာနေစေပါ။ မဖြစ်မနေ အိမ်အပြင်ထွက်မည် ဆိုပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာခပ်ခွာခွာနေထိုင်ပါ။ လေဝင်လေထွက်မကောင်း သောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။  လူစုလူဝေး ရှောင်ကျဉ်ပါ။  ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သော အခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန်သတိပြုပါ အသုံးပြုပြီးသော(Mask)နှင့် တစ်ခါသုံးပစ္စည်း များကို နေအိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ပါ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါရန် ရှိသည့် ပန်ကြားချက်များနှင့်အတူ တစ်‌​နေ့ထက်တစ်နေ့ ပိုးတွေ့သူများ လာပါက Stay at home မြို့နယ်အဖြစ်ကြေညာသွား ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ကို ပြည်သူများထံ အသိပေး/သတိပေး နှိုးဆော်တိုက်တွန်း ကြေညာခဲ့ ကြောင်း သိရှိရသည်။

ဖြူဖြူရှိန်(ပြန်/ဆက်)