သတင်းများ

ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ အခြေခံလူတန်းစားများအတွက် အခြေခံ စာသောက်ကုန်များထောက်ပံ့လှူဒါန်း
Aug 22,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲနေသော လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ငွေကျပ်(၇)သိန်းကျော် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များအား ရသေ့တောင်လူငယ်များ အဖွဲ့အစည်း Rathedaung Youths Association (RYA) မှ ယနေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်အတွင်းရှိ ဆရာတော် သံဃာအရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်း
Aug 22,2021
အမရပူရမြို့နယ်အတွင်းရှိ ဆရာ တော်သံဃာအရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က အမရပူရမြို့နယ် မှန်တန်းရပ်ကွက်၊ ဆင်ဖြူမယ်ကျောင်းတိုက် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
တံတားဦမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 22,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။
မွန်ပြည်နယ်ဝန်ကြီးချုပ် အမှတ်(၅)တပ်မတော်ဆေးရုံ(ခုတင်- ၃၀၀)တွင် နှစ် (၆၀) ပြည့် အလှူငွေများ၊ ကြက်ဥ နှင့် သောက်ရေသန့် လှူဒါန်းခြင်းနှင့် အောက်ဆီဂျင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 22,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ YMBA အသင်း ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ YMBAအသင်းမှ တာဝန် ရှိသူများနှင့်အတူ မော်လမြိုင်မြို့ အမှတ်(၅) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)တွင် နှစ်(၆၀)ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်မေတ္တာအခါတော်နေ့၊ YMBAအသင်းအမှုဆောင်အဖွဲ့ဝင် များနှင့် အလှူရှင်များမှ စုပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၅)တပ်မတော်ဆေးရုံ၊ ပြည်နယ်အထွေထွေရောဂါ ကုဆေးရုံကြီး၊ ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံများသို့အလှူငွေများ၊ ကြက်ဥနှင့်သောက်ရေ သန့်များ ပေးအပ်လှူဒါန်းသည်။
ကရသူရိမြို့တွင် အခြေခံစားသောက်ကုန်အရောင်းဆိုင်များနှင့် စျေးရောင်း/စျေးဝယ်သူများ သတ်မှတ် စည်းကမ်းချက် များအတိုင်း လိုက်နာဆောင်ရွက်ရေးအသိပေး
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်၊ ကိုဗစ်−၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် အခြေခံစားသောက်ကုန်အရောင်းဆိုင်များနှင့် စျေးရောင်း/စျေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအသိပေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီက အမှတ်(၁)ရပ်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အသွားအလာကန့်သတ်ထားမှု ကြပ်မတ်စစ်ဆေးဆောင်ရွက်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရေး အတွက် အသွားအလာ ကန့်သတ်ခြင်းများကို လိုက်နာဆောင်ရွက်နိုင်မှုအား ယနေ့နံနက်က ပူးပေါင်း အဖွဲ့များ စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဆရာတော်အရှင်သူမြတ်များအားမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်နှင့်ဝန်ကြီးများကဝါဆိုသင်္ကန်းနှင့်နဝကမ္မဝတ္ထုအလှူ‌ငွေများဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ
Aug 22,2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပင့်ဖိတ်လျှောက်ထားမှုဖြင့်ရဟန်းရှင်လူပြည်သူအပေါင်းအန္တရာယ်ခပ်သိမ်းပပျောက်ငြိမ်းစေရန်စိတ်ရည်သန်လျက်ပရိတ်တရားတော်များရွတ်ပွားချီးမြင့်တော်မူကြသောဆရာတော်အရှင်သူမြတ်များအားမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်နှင့်ဝန်ကြီးများကဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုအလှူ‌ငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းတည့်၁နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊၁၂လမ်းနှင့်၁၄လမ်းကြား၊၆၂လမ်းရှိနိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
စဉ့်ကူးမြို့တွင် ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးရာ ၁၃ ဦး ထပ်မံတွေ့ရှိ
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ သံသယလူနာ ၁၈၆ ဦးကို စစ်ဆေးရာ ၁၃ ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။