ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လျော့နည်းလျက်ရှိ

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် သေဆုံးလူနာများလျော့နည်းလျက်ရှိပြီး၊  ယနေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂၉၂)ဦးရှိကာ ၎င်းတို့အနက် ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၀၃)ဦး နှင့်  သေဆုံးသူ(၇၇)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအနက် လက်ရှိအချိန်တွင် ကုသဆဲ လူနာ (၁၂)ဦးသာကျန်ရှိပြီး၊ ()ဦးကို အင်းစိန်ပြည်သူ့ဆေးရုံတွင် လွှဲပြောင်းကုသပေးလျက်ရှိပြီး၊ ကျန်(၁၀)ဦးအား မြို့နယ် ပြည်သူ့ဆေးရုံ၊မြို့နယ် ကုသရေးစင်တာ(အားကစားခန်းမ)နှင့် ကုသရေးစင်တာ (ထ-ခွဲ အလက)ကျောင်းများတွင် ထားရှိကြပ်မတ် ကုသပေးလျက် ရှိသည်။

“ယခုလို မြို့နယ်အတွင်း ပိုးတွေ့လူနာများ လျော့နည်းသွားရခြင်းမှာ  ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို မြို့နယ်နေ ပြည်သူတစ်ဦးချင်းစီက ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ခြင်းကြောင့် ဖြစ်ကြောင်း ၊မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် အတူဌာနဆိုင်ရာ များ၊ လူမှုရေး ပရဟိတအဖွဲ့များကလည်း အသိပညာပေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦး မှပြောကြားပြီး၊ မြို့နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို လည်း ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ