ပုဇွန်တောင် သြဂုတ် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ ဒေသခံ ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ပုဇွန် တောင်မြို့နယ်ရှိအ.လ.က(၃) ကျောင်းတွင်ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံ ကြသူများကို မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက၊ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်းအောက်စီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိမရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်သည်။
အဆိုပါ ကာကွယ် ဆေး ထိုးနှံ မှုအခြေအနေ များကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလိူင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြသည်။
ပုဇွန်တောင် မြို့နယ်အတွင်းရပ်ကွက်ပေါင်း(၁၀)ရပ်ကွက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေး အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ရာ သြဂုတ်လ(၂)ရက်နေ့မှစတင်၍ သြဂုတ်လ(၂၀) ရက်နေ့ ယမန်နေ့အထိ ပုဇွန်တောင်မြို့နယ် အသက်(၆၅)နှစ်အထက် အဘိုအဘွား (၂၅၄)ဦး၊ အစိုးရပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း (၁၃) ဦး၊ ဘုန်းကြီး၊ သီလရှင် (၁၃)ဦး၊ ပရဟိတ (၇) ဦး၊ နိုင့်ငံဝန်ထမ်း (၁၇၉) ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၁၃) ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ (၁၄၇) ဦး၊ ပုဂ္ဂလိကဟိုတယ်ဝန်ထမ်း (၁၀)အချုပ်သား (၁၁) ဦး၊ စုစုပေါင်း (၆၄၇)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို (၂.၈.၂၀၂၁)တွင် ပထမအကြိမ်၊ (၁၈.၈.၂၀၂၁) နေ့တွင် ဒုတိယအကြိမ် ဆေးထိုးနှံပေးလျက်ရှိရာ ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့်သ ြဂုတ် ၂၀ ရက်နေ့အထိ လူဦးရေ(၆၄၇) ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကျန်ရှိနေသောပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လာရောက်ထိုးနှံကြပါရန် နှိုးဆော်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။
မြတ်သီရိခိုင် (ပြန်ဆက်)