နမ္မတူမြို့နယ်တွင် လူမှုကူညီရေးအသင်း (၂)သင်းသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ အလှူငွေများပေးအပ်လှူဒါန်း

နမ္မတူ            ဩဂုတ်         ၂၅

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးမှ နမ္မတူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် Facility Quarantine Centre များသို့ ထမင်း/ဟင်းများ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသော လူမှုကူညီရေးအသင်း (၂)သင်းရှိ ပရဟိတအသင်းအဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ ပိုးတွေ့လူနာနှင့် စောင့်ကြည့်လူနာများ စားသုံးရန်ရည်ရွယ်၍   ထမင်း/ဟင်းသုံးနပ် (၃)ရက်စာအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့  ပေးအပ်လှူဒါန်းရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်စား စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဇောအောင်နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှတို့မှ နမ္မတူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် Facility Quarantine Centre များသို့ ထမင်း/ဟင်းများ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသော မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းသို့ အလှူငွေကျပ် (၅၀၀၀၀၀)ကျပ်အားလည်းကောင်း၊ မေတ္တာရှင်နာရေးလူမှူကူညီရေးအသင်းသို့ အလှုငွေကျပ် (၅၀၀၀၀၀)ကျပ်အား လည်းကောင်း၊ စုစုပေါင်းအလှူငွေကျပ် (၁၀၀၀၀၀၀)ကျပ်အား လူမှုကူညီရေး အသင်းရုံးများသို့ သွားရောက်ကာ အသင်းတာဝန်ရှိသူများလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)