ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မင်းလှမြို့နယ်တွင် အခြေခံစားကုန် ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းရောင်းချပေး

မင်းလှ သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ကျေးရွာများအရောက် သွားရောက်၍ အခြေခံစားကုန် ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ် ဖွဲ့ တို့ပူးပေါင်းကာ အခြေခံစားကုန်ဆန်များအား ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ဈေးနှုန်း သက်သာစွာဖြင့် ကြို့ကုန်း(၁)ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၁၈၆)စုနှင့် ဇရစ်ချောင်းကျေးရွာအုပ်စု တွင် အိမ်ထောင်စု(၁၆၆)စုတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်(၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့သည်။     

ဆက်လက်၍ နောက်ရက်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ