မာန်အောင် သြဂုတ်၂၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်၍ ပြန်လည်ကျန်းမာ လာသူ(၁)ဦး ယမန်နေ့ ဆေးရုံဆင်းခွင့်ရရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း(၄၇)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။
အဆိုပါ ရောဂါကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူမှာ ယခုလ ၁၆ ရက်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သော မာန်အောင်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် (၅၁)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ဇူလိုင်လ(၁၄)ရက်နေ့မှ ယနေ့ထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ အတည်ပြု လူနာ(၆၄)ဦး ရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ (၄၇)ဦးရှိပြီး သေဆုံးသူ(၁၃)ဦးနှင့် ဆေးကုသဆဲလူနာ (၄)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သိန်းဖေ